SEARCH DATABASE
The Global Gender Equality Constitutional Database is a repository of gender equality related provisions in 194 constitutions from around the world. The Database was updated in partnership with the International Bar Association's Human Rights Institute (IBAHRI) and with support from the Swedish International Development Agency (SIDA) and the Government of Japan. Experience its wealth and depth of information by starting your search now.
Employment Rights and Protection
- EnglishWomen shall be entitled to the same rights and salaries as that received by men in respect of similar work. (Sec. 350)
- Burmeseအမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသောအခွင့်အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိသည်။ (ပုဒ်မ-၃၅၀)
Equality and Non-Discrimination
- English
(a) Every citizen shall enjoy the right of equality, the right of liberty and the right of justice, as prescribed in this Constitution.
… (Sec. 21) - Burmese
(က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်၊
... (ပုဒ်မ-၂၁)
Equality and Non-Discrimination
- English
The Union’s consistent objectives are :
…
(e) enhancing the eternal principles of Justice, Liberty and Equality in the Union and;
… (Sec. 6) - Burmese
နိုင်ငံတော်သည် -
...
(င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့်
... (ပုဒ်မ-၆)
Equality and Non-Discrimination
- English
We, the National people, firmly resolve that we shall :
…
- stalwartly strive for further burgeoning the eternal principles namely justice, liberty, equality and perpetuation of peace and prosperity of the National people;
… (Preamble) - Burmese
ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည် -
...
- နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်း သွားကြမည်ဟု သန္နိဌာန်ချမှတ်၍လည်းကောင်း၊
... (နိဒါန်း)
Equality and Non-Discrimination
- EnglishThe Union shall not discriminate any citizen of the Republic of the Union of Myanmar, based on race, birth, religion, official position, status, culture, sex and wealth. (Sec. 348)
- Burmeseနိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ (ပုဒ်မ-၃၄၈)
Equality and Non-Discrimination
- EnglishThe Union shall guarantee any person to enjoy equal rights before the law and shall equally provide legal protection. (Sec. 347)
- Burmeseနိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။(ပုဒ်မ-၃၄၇)
Indigenous Peoples
- EnglishThe State is where multi-National races collectively reside. (Sec. 3)
- Burmeseနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံ ဖြစ်သည်။ (ပုဒ်မ-၃)
Indigenous Peoples
- EnglishEvery citizen shall, in accord with the law, have the right to freely develop literature, culture, arts, customs and traditions they cherish. In the process, they shall avoid any act detrimental to national solidarity. Moreover, any particular action which might adversely affect the interests of one or several other national races shall be taken only after coordinating with and obtaining the settlement of those affected. (Sec. 365)
- Burmeseနိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိူးထောင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ပြင် မိမိတို့၏ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများအချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့် ရှိသည်။ (ပုဒ်မ-၃၆၅)
Indigenous Peoples
- English
We, the National people, firmly resolve that we shall :
...
- uphold racial equality, living eternally in unity fostering the firm Union Spirit of true patriotism;
... (Preamble) - Burmese
ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည် -
...
- နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟု သန္နိဌာန်ချမှတ်၍လည်းကောင်း၊
... (နိဒါန်း)
Indigenous Peoples
- EnglishEvery citizen shall be at liberty in the exercise of the following rights, if not contrary to the laws, enacted for Union security, prevalence of law and order, community peace and tranquility or public order and morality:
…
(d) to develop their language, literature, culture they cherish, religion they profess, and customs without prejudice to the relations between one national race and another or among national races and to other faiths. (Sec. 354) - Burmeseနိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံးခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် -
...
(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်း ကိုလည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။ (ပုဒ်မ-၃၅၄)