SEARCH DATABASE
The Global Gender Equality Constitutional Database is a repository of gender equality related provisions in 194 constitutions from around the world. The Database was updated in partnership with the International Bar Association's Human Rights Institute (IBAHRI) and with support from the Swedish International Development Agency (SIDA) and the Government of Japan. Experience its wealth and depth of information by starting your search now.
Protection from Violence
- EnglishThe Union prohibits forced labor except hard labor as a punishment for crime duly convicted and duties assigned by the Union in accord with the law in the interest of the public. (Sec. 359)
- Burmeseနိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင် ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန် ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။ (ပုဒ်မ-၃၅၉)
Protection from Violence
- EnglishThe Union prohibits the enslaving and trafficking in persons. (Sec. 358)
- Burmeseနိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်။ (ပုဒ်မ-၃၅၈)
Public Institutions and Services
- English
The Union shall :
(a) earnestly strive to improve education and health of the people;
... (Sec. 28) - Burmese
နိုင်ငံတော်သည် -
(က) ပြည်သူများ၏ ပညာရေး နှင့် ကျန်းမာရေးတိုးတက်စေရေးတို့ အတွက် အလေးထားဆောင်ရွက်ရမည်၊
... (ပုဒ်မ-၂၈)
Public Institutions and Services
- English
...
(b) The Union shall enact necessary laws for Civil Services personnel to have security and sufficiency of food, clothing and shelter, to get maternity benefits for married women in service, and to ease livelihood for welfare of retired Service personnel. (Sec. 26) - Burmese
...
(ခ) နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှု ဖူလုံရေး၊ အိမ်ထောင်ရှင်အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရရှိရေး နှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှု သက်သာချောင်ချိရေးတို့အတွက် လိုအပ် သည့် ဥပဒေများ ပြဌာန်းရမည်။ (ပုဒ်မ-၂၆)
Public Institutions and Services
- English
The Union shall :
(a) care for mothers and children, orphans, fallen Defence Services personnel’s children, the aged and the disabled;
... (Sec. 32) - Burmese
နိုင်ငံတော်သည် -
(က) မိခင် နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှု စောင့်ရှောက်ရမည်၊
... (ပုဒ်မ-၃၂)
Status of the Constitution
- EnglishThis Constitution is the Basic Law of all the laws of the Union. (Sec. 449)
- Burmeseဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်။ (ပုဒ်မ-၄၄၉)
Status of the Constitution
- EnglishEvery citizen has duty to abide by the provisions of this Constitution. (Sec. 384)
- Burmeseနိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကိုလိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။ (ပုဒ်မ-၃၈၄)
Status of the Constitution
- English
...
(b) The rules, regulations, notifications, orders, directives, and procedures issued under the power conferred by any law shall be in conformity with the provisions of the Constitution and the relevant law.
… (Sec. 97) - Burmese
...
(ခ) ဥပဒေတစ်ရပ်က အပ်နှင်းသည့် လုပ်ပိုင်ခွင့်အရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် လည်းကောင်း၊ သက်ဆိုင်ရာဥပဒေပါ ပြဌာန်းချက်များနှင့်လည်းကောင်း ညီညွတ်မှုရှိရမည်၊
... (ပုဒ်မ-၉၇)
Status of International Law
- EnglishThe Republic of the Union of Myanmar shall honour all legitimate obligations arising out of treaties or agreements which before the commencement of this Constitution have been in operation between the Government of the Union of Myanmar and the Government of other State, provided that such other State honours any reciprocal obligations towards the Union of Myanmar. (Sec. 456)
- Burmeseဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကာလက ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုအတည်ဖြစ်ခဲ့သော စာချုပ်များအရသော်လည်းကောင်း၊ သဘောတူညီချက်များအရ သော်လည်းကောင်း ပေါ်ထွက်လာသော တရားမျှတသည့်တာဝန်များကို အဆိုပါအခြားနိုင်ငံကလည်း ပြည်ထောင်စုမြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထားရှိအပ်သော ပဋိညာဉ်များကို လေးစားပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကလည်း လေးစားသည်။ (ပုဒ်မ-၄၅၆)
Jurisdiction and Access
- EnglishIn hearing a case by a Court, if there arises a dispute whether the provisions contained in any law contradict or conform to the Constitution, and if no resolution has been made by the Constitutional Tribunal of the Union on the said dispute, the said Court shall stay the trial and submit its opinion to the Constitutional Tribunal of the Union in accord with the prescribed procedures and shall obtain a resolution. In respect of the said dispute, the resolution of the Constitutional Tribunal of the Union shall be applied to all cases. (Sec. 323)
- Burmeseတရားရုံးတစ်ရုံးသည် အမှုတစ်မှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုရှိ- မရှိ၊ ညီညွတ်မှုရှိ- မရှိ အငြင်းပွားမှုပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးကလည်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးလျှင် အဆိုပါ တရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး မိမိ၏ထင်မြင်ချက်ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တင်ပြ၍ အဆုံးအဖြတ်ရယူရမည်။ ယင်းအငြင်းမပွားမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်။ (ပုဒ်မ-၃၂၃)