SEARCH DATABASE
The Global Gender Equality Constitutional Database is a repository of gender equality related provisions in 194 constitutions from around the world. The Database was updated in partnership with the International Bar Association's Human Rights Institute (IBAHRI) and with support from the Swedish International Development Agency (SIDA) and the Government of Japan. Experience its wealth and depth of information by starting your search now.
Political Rights and Association
- EnglishEvery citizen who is not disqualified by the provisions under this Constitution or the provisions of the election law shall have the right to stand for election to any Hluttaw. (Sec. 395)
- Burmeseဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရသော်လည်းကောင်း၊ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပါပြဌာန်းချက်များအရသော်လည်းကောင်း၊ အရည်အချင်း ပျက်ယွင်းသူ မဟုတ်ပါက နိုင်ငံသားတိုင်းသည် လွှတ်တော်တစ်ရပ်ရပ်သို့ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ (ပုဒ်မ-၃၉၅)
Political Rights and Association
- English
In electing people’s representatives to the Hluttaws :
(a) every citizen who has attained 18 years of age on the day on which the election commences, who is not disqualified by law, who is eligible to vote, and person who has the right to vote under the law, shall have the right to vote;
... (Sec. 391) - Burmese
လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရာတွင် -
(က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်၊
... (ပုဒ်မ-၃၉၁)
Political Rights and Association
- English
(a) Subject to this Constitution and relevant laws, every citizen has the right to elect and right to be elected to the Pyithu Hluttaw, the Amyotha Hluttaw, and the Region or State Hluttaw.
... (Sec. 369) - Burmese
(က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့် ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊
... (ပုဒ်မ-၃၆၉)
Political Rights and Association
- English
Every citizen shall be at liberty in the exercise of the following rights, if not contrary to the laws, enacted for Union security, prevalence of law and order, community peace and tranquility or public order and morality:
…
(c) to form associations and organizations;
… (Sec. 354) - Burmese
နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံးခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် -
...
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊
... (ပုဒ်မ-၃၅၄)
Political Rights and Association
- English
(a) Every citizen shall have the right to elect and be elected in accord with the law.
... (Sec. 38) - Burmese
(က) နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့် နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊
... (ပုဒ်မ-၃၈)
Political Parties
- EnglishA political party shall, in accord with the law, have the right in the Union to :
(a) organize freely;
(b) participate and compete in the elections. (Sec. 406) - Burmeseနိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ -
(က) လွတ်လပ်စွာ စည်းရုံးခွင့်ရှိသည်၊
(ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ (ပုဒ်မ-၄၀၆)
Political Parties
- EnglishA political party shall :
(a) accept and practise a genuine and discipline-flourishing multi-party democratic system;
(b) abide by and respect this Constitution and the existing laws;
(c) form and register as a political party in accord with the law. (Sec. 405) - Burmeseနိုင်ငံရေးပါတီတစ်ရပ်သည် -
(က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊
(ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်။ (ပုဒ်မ-၄၀၅)
Political Parties
- EnglishA political party shall:
(a) set the objective of non-disintegration of the Union, non-disintegration of national solidarity and perpetuation of sovereignty;
(b) be loyal to the State. (Sec. 404) - Burmeseနိုင်ငံရေးပါတီတစ်ရပ်သည် -
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်၊
(ခ) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။ (ပုဒ်မ-၄၀၄)
Political Parties
- EnglishThe Union shall enact necessary law to systematically form political parties for flourishing of a genuine, disciplined multi-party democratic system. (Sec. 39)
- Burmeseနိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး အတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းနိုင်ရန် လိုအပ်သည့်ဥပဒေ ပြဌာန်း ဆောင်ရွက်ရမည်။ (ပုဒ်မ-၃၉)
Political Parties
- EnglishIf a political party infringe one of the following stipulations, it shall have no right of continued existence:
(a) having been declared an unlawful association under the existing law;
(b) directly or indirectly contacting or abetting the insurgent group launching armed rebellion against the Union or the associations and persons determined by the Union to have committed terrorist acts or the association declared to be an unlawful association;
(c) directly or indirectly receiving and expending financial, material and other assistance from a foreign government, a religious association, other association or a person from a foreign country;
(d) abusing religion for political purpose. (Sec. 407) - Burmeseနိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါအကြောင်းတစ်ခုခုနှင့်ငြိစွန်းလျှင် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရ -
(က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊
(ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊
(ဂ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း၊
(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း။ (ပုဒ်မ-၄၀၇)