Constitution of the Republic of the Union of Myanmar 2008, as amended to 2020
Citizenship and Nationality
  • English
    All persons who have either one of the following qualifications are citizens of the Republic of the Union of Myanmar:
    (a) person born of parents both of whom are nationals of the Republic of the Union of Myanmar;
    (b) person who is already a citizen according to law on the day this Constitution comes into operation. (Sec. 345)
  • Burmese
    အောက်ဖော်ပြပါအရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည် -
    (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊
    (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်သားဖြစ်ပြီးသူ။ (ပုဒ်မ-၃၄၅)
Citizenship and Nationality
  • English
    Citizenship, naturalization and revocation of citizenship shall be as prescribed by law. (Sec. 346)
  • Burmese
    နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်။ (ပုဒ်မ-၃၄၆)
Citizenship and Nationality
  • English

    10. Management Sector

    (j) Citizenship, naturalization, termination and revocation of citizenship, citizenship scrutiny and registration;
    ... (Schedule One, Union Legislative List [Section 96])

  • Burmese

    ၁၀။ စီမံခန့်ခွဲရေးကဏ္ဍ

    (ည) နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှရပ်စဲခြင်း၊ ရုပ်သိမ်းခြင်း၊ နိုင်ငံသားစိစစ်ရေးနှင့် မှတ်ပုံတင်လုပ်ငန်း၊
    … [ဇယား ၁၊ ပြည်ထောင်စုဥပဒေပြုစာရင်း၊ (ပုဒ်မ ၉၆ ကိုရည်ညွှန်းသည်)]

Jurisdiction and Access
  • English
    A Constitutional Tribunal shall be set up to interpret the provisions of the Constitution, to scrutinize whether or not laws enacted by the Pyidaungsu Hluttaw, the Region Hluttaws and the State Hluttaws and functions of executive authorities of Pyidaungsu, Regions, States and Self-Administered-Areas are in conformity with the Constitution, to decide on disputes relating to the Constitution between Pyidaungsu and Regions, between Pyidaungsu and States, among Regions, among States, and between Regions or States and Self-Administered Areas and among Self-Administered Areas themselves, and to perform other duties prescribed in this Constitution. (Sec. 46)
  • Burmese
    ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များက ပြဌာန်းသည့် ဥပဒေများ သည်လည်းကောင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည်လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်မှုရှိ၊ မရှိစိစစ်ခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအချင်းချင်း ဖြစ်ပေါ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ကြားနာဆုံးဖြတ်ခြင်းနှင့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေက အပ်နှင်းသည့် အခြားတာဝန်များ ဆောင်ရွက်ခြင်းတို့ကို ပြုနိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ရုံးကို ဖွဲ့စည်းရမည်။ (ပုဒ်မ-၄၆)
Jurisdiction and Access
  • English
    The functions and the duties of the Constitutional Tribunal of the Union are as follows:
    (a) interpreting the provisions under the Constitution;
    (b) vetting whether the laws promulgated by the Pyidaungsu Hluttaw, the Region Hluttaw, the State Hluttaw or the Self-Administered Division Leading Body and the Self-Administered Zone Leading Body are in conformity with the Constitution or not;
    (c) vetting whether the measures of the executive authorities of the Union, the Regions, the States, and the Self-Administered Areas are in conformity with the Constitution or not;
    (d) deciding Constitutional disputes between the Union and a Region, between the Union and a State, between a Region and a State, among the Regions, among the States, between a Region or a State and a Self-Administered Area and among the Self-Administered Areas;
    (e) deciding disputes arising out of the rights and duties of the Union and a Region, a State or a Self-Administered Area in implementing the Union Law by a Region, State or Self-Administered Area;
    (f) vetting and deciding matters intimated by the President relating to the Union Territory;
    (g) functions and duties conferred by laws enacted by the Pyidaungsu Hluttaw. (Sec. 322)
  • Burmese
    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်
    (က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊
    (ခ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဌာန်းသည့်ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်း ရှိ- မရှိစိစစ်ခြင်း၊
    (ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်းများ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်း ရှိ - မရှိ စိစစ်ခြင်း၊
    (ဃ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအချင်းချင်း ဖြစ်ပေါ် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊
    (င) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊
    (စ) ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ် များကို စိစစ်ဆုံးဖြတ်ခြင်း၊
    (ဆ) ပြည်ထောင်စုလွှတ်တော်က ပြဌာန်းသည့်ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များ။ (ပုဒ်မ-၃၂၂)
Jurisdiction and Access
  • English
    In hearing a case by a Court, if there arises a dispute whether the provisions contained in any law contradict or conform to the Constitution, and if no resolution has been made by the Constitutional Tribunal of the Union on the said dispute, the said Court shall stay the trial and submit its opinion to the Constitutional Tribunal of the Union in accord with the prescribed procedures and shall obtain a resolution. In respect of the said dispute, the resolution of the Constitutional Tribunal of the Union shall be applied to all cases. (Sec. 323)
  • Burmese
    တရားရုံးတစ်ရုံးသည် အမှုတစ်မှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုရှိ- မရှိ၊ ညီညွတ်မှုရှိ- မရှိ အငြင်းပွားမှုပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးကလည်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးလျှင် အဆိုပါ တရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး မိမိ၏ထင်မြင်ချက်ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တင်ပြ၍ အဆုံးအဖြတ်ရယူရမည်။ ယင်းအငြင်းမပွားမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်။ (ပုဒ်မ-၃၂၃)
Jurisdiction and Access
  • English
    The following persons and organizations shall have the right to submit matters directly to obtain the interpretation, resolution and opinion of the Constitutional Tribunal of the Union :
    (a) the President;
    (b) the Speaker of the Pyidaungsu Hluttaw;
    (c) the Speaker of the Pyithu Hluttaw;
    (d) the Speaker of the Amyotha Hluttaw;
    (e) the Chief Justice of the Union;
    (f) the Chairperson of the Union Election Commission. (Sec. 325)
  • Burmese
    ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို အောက်ဖော်ပြပါပုဂ္ဂိုလ်များသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသည်
    (က) နိုင်ငံတော်သမ္မတ၊
    (ခ) ပြည်ထောင်စုလွှတ်တော်နာယက၊
    (ဂ) ပြည့်သူလွှတ်တော်ဥက္ကဌ၊
    (ဃ) အမျိုးသားလွှတ်တော်ဥက္ကဌ၊
    (င) ပြည်ထောင်စုတရားသူကြီးချုပ်၊
    (စ) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ။ (ပုဒ်မ-၃၂၅)
Jurisdiction and Access
  • English
    The following persons and organizations shall have the right to submit matters to obtain the interpretation, resolution and opinion of the Constitutional Tribunal of the Union in accord with the prescribed procedures :
    (a) the Chief Minister of the Region or State;
    (b) the Speaker of the Region or State Hluttaw;
    (c) the Chairperson of the Self-Administered Division Leading Body or the Self-Administered Zone Leading Body;
    (d) Representatives numbering at least ten percent of all the representatives of the Pyithu Hluttaw or the Amyotha Hluttaw. (Sec. 326)
  • Burmese
    အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန်ကိစ္စများကို သတ်မှတ်ထားသော နည်းလမ်း များနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခွင့်ရှိသည်
    (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊
    (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဌ၊
    (ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ၊
    (ဃ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေတွက်ရှိသော ကိုယ်စားလှယ်များ။ (ပုဒ်မ-၃၂၆)
Education
  • English

    The Union shall :

    (c) implement free, compulsory primary education system;
    ... (Sec. 28)

  • Burmese

    နိုင်ငံတော်သည် -
    ...
    (ဂ) အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ်ဖော်ဆောင်ရမည်၊
    ... (ပုဒ်မ-၂၈)

Education
  • English

    Every citizen, in accord with the educational policy laid down by the Union :
    (a) has the right to education;
    (b) shall be given basic education which the Union prescribes by law as compulsory;
    ... (Sec. 366)

  • Burmese

    နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ -
    (က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊
    (ခ) ဥပဒေဖြင့်ပြဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်၊
    ... (ပုဒ်မ-၃၆၆)

Education
  • English
    The Union shall honour and assist citizens who are outstanding in education irrespective of race, religion and sex according to their qualifications. (Sec. 368)
  • Burmese
    နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားမှုမထားရှိဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံ့မည်။ (ပုဒ်မ-၃၆၈)
Education
  • English

    9. Social Sector
    (a) Educational curricula, syllabus, teaching methodology, research, plans, projects and standards;
    (b) Universities, degree colleges, institutes and other institutions of higher education;
    ... (Schedule One, Union Legislative List [Section 96])

  • Burmese

    ၉။ လူမူရေးကဏ္ဍ
    (က) ပညာသင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ သင်ပြနည်းစနစ်၊ သုတေသန၊ စီမံကိန်း၊ စီမံချက်နှင့် စံများ၊
    (ခ) တက္ကသိုလ်၊ ဒီကရီကောလိပ်၊ သိပ္ပံစသည့်သင်တန်းများနှင့် အဆင့်မြင့်ပညာအခြားအဖွဲ့အစည်းများ၊
    … [ဇယား ၁၊ ပြည်ထောင်စုဥပဒေပြုစာရင်း၊ (ပုဒ်မ ၉၆ ကိုရည်ညွှန်းသည်)]

Employment Rights and Protection
  • English
    The Union shall enact necessary laws to protect the rights of workers. (Sec. 24)
  • Burmese
    နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများပြဌာန်းဆောင်ရွက်မည်။ (ပုဒ်မ-၂၄)
Employment Rights and Protection
  • English
    Citizens shall enjoy equal opportunity in carrying out the following functions :

    (b) occupation;
    (c) trade;
    (d) business;
    (e) technical know-how and vocation;
    … (Sec. 349)
  • Burmese
    နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့်အလမ်းရရှိစေရမည် -
    ...
    (ခ) အလုပ်လုပ်ကိုင်မှု၊
    (ဂ) ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု၊
    (ဃ) စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊
    (င) အတက်ပညာ နှင့် အသက်မွေးဝမ်းကျောင်းမှု၊
    ... (ပုဒ်မ-၃၄၉)
Employment Rights and Protection
  • English
    Women shall be entitled to the same rights and salaries as that received by men in respect of similar work. (Sec. 350)
  • Burmese
    အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသောအခွင့်အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိသည်။ (ပုဒ်မ-၃၅၀)
Employment Rights and Protection
  • English

    9. Social Sector

    (o) Working hours, resting-hours, holidays and occupational safety;
    ... (Schedule One, Union Legislative List [Section 96])

  • Burmese

    ၉။ လူမူရေးကဏ္ဍ
    ...
    (ဏ)အလုပ်လုပ်ချိန်၊ နားချိန်၊ အလုပ်ပိတ်ရက်များနှင့် လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေး၊
    … [ဇယား ၁၊ ပြည်ထောင်စုဥပဒေပြုစာရင်း၊ (ပုဒ်မ ၉၆ ကိုရည်ညွှန်းသည်)]

Equality and Non-Discrimination
  • English

    We, the National people, firmly resolve that we shall :

    - stalwartly strive for further burgeoning the eternal principles namely justice, liberty, equality and perpetuation of peace and prosperity of the National people;
    … (Preamble)

  • Burmese

    ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည် -
    ...
    - နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်း သွားကြမည်ဟု သန္နိဌာန်ချမှတ်၍လည်းကောင်း၊
    ... (နိဒါန်း)

Equality and Non-Discrimination
  • English

    The Union’s consistent objectives are :

    (e) enhancing the eternal principles of Justice, Liberty and Equality in the Union and;
    … (Sec. 6)

  • Burmese

    နိုင်ငံတော်သည် -
    ...
    (င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့်
    ... (ပုဒ်မ-၆)

Equality and Non-Discrimination
  • English

    (a) Every citizen shall enjoy the right of equality, the right of liberty and the right of justice, as prescribed in this Constitution.
    … (Sec. 21)

  • Burmese

    (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်၊
    ... (ပုဒ်မ-၂၁)

Equality and Non-Discrimination
  • English
    The Union shall guarantee any person to enjoy equal rights before the law and shall equally provide legal protection. (Sec. 347)
  • Burmese
    နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။(ပုဒ်မ-၃၄၇)
Equality and Non-Discrimination
  • English
    The Union shall not discriminate any citizen of the Republic of the Union of Myanmar, based on race, birth, religion, official position, status, culture, sex and wealth. (Sec. 348)
  • Burmese
    နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ (ပုဒ်မ-၃၄၈)
Obligations of the State
  • English
    (a) Every citizen shall enjoy the right of equality, the right of liberty and the right of justice, as prescribed in this Constitution.

    (d) Necessary law shall be enacted to make citizens’ freedoms, rights, benefits, responsibilities and restrictions effective, steadfast and complete. (Sec. 21)
  • Burmese
    (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့် အရေးတို့ ခံစားခွင့်ရှိသည်၊
    ...
    (ဃ) နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များ ထိရောက်ခိုင်မာပြည့်စုံစေရန် လိုအပ်သောဥပဒေ ပြဌာန်းရမည်။ (ပုဒ်မ-၂၁)
Judicial Protection
  • English

    In order to obtain a right given by this Chapter3, application shall be made in accord with the stipulations, to the Supreme Court of the Union. (Sec. 377)

  • Burmese

    ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့်ရှိရမည်။ (ပုဒ်မ-၃၇၇)

Indigenous Peoples
  • English

    We, the National people, firmly resolve that we shall :
    ...
    - uphold racial equality, living eternally in unity fostering the firm Union Spirit of true patriotism;
    ... (Preamble)

  • Burmese

    ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည် -
    ...
    - နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟု သန္နိဌာန်ချမှတ်၍လည်းကောင်း၊
    ... (နိဒါန်း)

Indigenous Peoples
  • English
    The State is where multi-National races collectively reside. (Sec. 3)
  • Burmese
    နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံ ဖြစ်သည်။ (ပုဒ်မ-၃)
Indigenous Peoples
  • English
    For National races with suitable population, National races representatives are entitled to participate in legislature of Regions or States and Self-Administered Areas concerned. (Sec. 15)
  • Burmese
    လျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက် ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေ ပြုရေးတွင် ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်။ (ပုဒ်မ-၁၅)
Indigenous Peoples
  • English

    ...
    (c) For National races of which representatives are so permitted to participate in legislature of Regions, States or Self-Administered Areas in accord with Section 15, such representatives are to be permitted to participate, mainly, to undertake their National races affairs. (Sec. 17)

  • Burmese

    ...
    (ဂ) ပုဒ်မ ၁၅ အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးတွင် ကိုယ်စားလှယ်ပါဝင်ခွင့်ရရှိသည့် တိုင်းရင်းသား လူမျိုးဖြစ်လျှင် ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု အုပ်ချုပ်ရေးတွင် အဓိကအားဖြင့် ထိုတိုင်းရင်းသားလူမျိုးများရေးရာကို ဆောင် ရွက်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရမည်။ (ပုဒ်မ-၁၇)

Indigenous Peoples
  • English
    The Union shall assist :
    (a) to develop language, literature, fine arts and culture of the National races;
    (b) to promote solidarity, mutual amity and respect and mutual assistance among the National races;
    (c) to promote socio-economic development including education, health, economy, transport and communication, so forth, of less-developed National races. (Sec. 22)
  • Burmese
    နိုင်ငံတော်သည် -
    (က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်၊
    (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်း ကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊
    (ဂ) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုး ရေးအတွက် ကူညီဆောင်ရွက်မည်။ (ပုဒ်မ-၂၂)
Indigenous Peoples
  • English
    Every citizen shall be at liberty in the exercise of the following rights, if not contrary to the laws, enacted for Union security, prevalence of law and order, community peace and tranquility or public order and morality:

    (d) to develop their language, literature, culture they cherish, religion they profess, and customs without prejudice to the relations between one national race and another or among national races and to other faiths. (Sec. 354)
  • Burmese
    နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံးခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် -
    ...
    (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်း ကိုလည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။ (ပုဒ်မ-၃၅၄)
Indigenous Peoples
  • English
    Every citizen shall, in accord with the law, have the right to freely develop literature, culture, arts, customs and traditions they cherish. In the process, they shall avoid any act detrimental to national solidarity. Moreover, any particular action which might adversely affect the interests of one or several other national races shall be taken only after coordinating with and obtaining the settlement of those affected. (Sec. 365)
  • Burmese
    နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိူးထောင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ပြင် မိမိတို့၏ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများအချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့် ရှိသည်။ (ပုဒ်မ-၃၆၅)
Indigenous Peoples
  • English
    Every citizen, with the Union Spirit, has the duty to enhance unity among national races and to ensure public peace and stability. (Sec. 387)
  • Burmese
    နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွှတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်။ (ပုဒ်မ-၃၈၇)
Indigenous Peoples
  • English
    In electing people’s representatives to the Hluttaws:
    (a) every citizen who has attained 18 years of age on the day on which the election commences, who is not disqualified by law, who is eligible to vote, and person who has the right to vote under the law, shall have the right to vote;
    (b) every citizen who is eligible to vote and person who has the right to vote under the law shall cast a vote only for each Hluttaw at a constituency in an election;
    (c) Moreover, the relevant national races having right to vote in accord with the provisions contained in this Constitution have also the right to vote to elect Hluttaw representatives of national races for their Region or State Hluttaw;
    … (Sec. 391)
  • Burmese
    လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရာတွင် -
    (က) ရွေးကောက်ပွဲစတင်ကျင်းပသည့် နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်၊
    (ခ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့် ရှိသူတိုင်းသည် ရွေးကောက်ပွဲတစ်ရပ်၌ မဲဆန္ဒနယ် တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲတစ်မဲသာ ပေးပိုင်ခွင့်ရှိသည်၊
    (ဂ) ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့် ရှိသော သက်ဆိုင်ရာတိုင်းရင်းသားတိုင်းများသည် မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်၊
    ...(ပုဒ်မ-၃၉၁)
Limitations and/or Derogations
  • English

    At the time of the occurrence the following situation, the rights under Section 3774 shall not be suspended unless the public safety may so require:
    (a) in time of war;
    (b) in time of foreign invasion;
    (c) in time of insurrection. (Sec. 379)

  • Burmese

    အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ချိန်တွင် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့်ကိစ္စမှတစ်ပါး ပုဒ်မ ၃၇၇ ပါအခွင့်အရေးများတောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်းမပြုရ -
    (က) စစ်မက်ဖြစ်ပွားချိန်၊
    (ခ) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊
    (ဂ) ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်နေချိန်။ (ပုဒ်မ-၃၇၉)

Limitations and/or Derogations
  • English
    Except in the following situations and time, no citizen shall be denied redress by due process of law for grievances entitled under law :
    (a) in time of foreign invasion;
    (b) in time of insurrection;
    (c) in time of emergency. (Sec. 381)
  • Burmese
    အောက်ဖော်ပြပါ အခြေအနေနှင့် အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏တရားဝင်ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့် သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်းမပြုရ -
    (က) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊
    (ခ) ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်နေချိန်၊
    (ဂ) အရေးပေါ် အခြေအနေ ဖြစ်ပေါ်နေချိန်။ (ပုဒ်မ-၃၈၁)
Limitations and/or Derogations
  • English
    The President, in promulgating an ordinance and declaring a state of emergency :
    (a) shall specify in the said ordinance the areas and the duration that the state of emergency is in operation;
    (b) may, if necessary, restrict or suspend as required, one or more fundamental rights of the citizens residing in the areas where the state of emergency is in operation. (Sec. 414)
  • Burmese
    နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာသည့်အခါ -
    (က) ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ်ဖော်ပြရမည်၊
    (ခ) လိုအပ်ပါက အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း နေထိုင်ကြသော နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ် ထက်ပို၍ ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်ထားနိုင်သည်။ (ပုဒ်မ-၄၁၄)
Limitations and/or Derogations
  • English
    The Commander-in-Chief of the Defence Services may, during the duration of the declaration of a state of emergency, restrict or suspend as required, one or more fundamental rights of the citizens in the required area. (Sec. 420)
  • Burmese
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရေးပေါ်အခြေအနေ ကြေညာထားစဉ် ကာလအတွင်း လိုအပ်သည့်နယ်မြေဒေသတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ် ထပ်ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်ထားနိုင်သည်။ (ပုဒ်မ-၄၂၀)
Marriage and Family Life
  • English

    ...
    (b) The Union shall enact necessary laws for Civil Services personnel to have security and sufficiency of food, clothing and shelter, to get maternity benefits for married women in service, and to ease livelihood for welfare of retired Service personnel. (Sec. 26)

  • Burmese

    ...
    (ခ) နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှု ဖူလုံရေး၊ အိမ်ထောင်ရှင်အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရရှိရေး နှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှု သက်သာချောင်ချိရေးတို့အတွက် လိုအပ် သည့် ဥပဒေများ ပြဌာန်းရမည်။ (ပုဒ်မ-၂၆)

Marriage and Family Life
  • English

    The Union shall :
    (a) care for mothers and children, orphans, fallen Defence Services personnel’s children, the aged and the disabled;
    ... (Sec. 32)

  • Burmese

    နိုင်ငံတော်သည် -
    (က) မိခင် နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှု စောင့်ရှောက်ရမည်၊
    ... (ပုဒ်မ-၃၂)

Marriage and Family Life
  • English
    Mothers, children and expectant women shall enjoy equal rights as prescribed by law. (Sec. 351)
  • Burmese
    မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ် ထားသော သက်ဆိုင်ရာ အခွင့်အရေးများကို အညီအမျှခံစားခွင့် ရှိစေရမည်။ (ပုဒ်မ-၃၅၁)
Marriage and Family Life
  • English

    9. Social Sector

    (i) Maternal and child welfare;

    (l) Welfare of children, youths, women, the disabled, the aged and the homeless;

    (u) Registration of births and deaths.

    11. Judicial Sector

    (d) Civil Laws and procedures including contract, arbitration, actionable wrong, insolvency, trust and trustees, administrator and receiver, family laws, guardians and wards, transfer of property and inheritance;…
    … (Schedule One, Union Legislative List [Section 96])

  • Burmese

    ၉။ လူမှုရေးကဏ္ဍ
    ...
    (ဈ) မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊
    ...
    (ဌ) ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အခြေအနေမဲ့များအား စောင့်ရှောက်ရေး၊
    ...
    (ပ) မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ မှတ်ပုံတင်ရေး။
    ...
    ၁၁။ တရားစီရင်ရေးကဏ္ဍ
    ...
    (ဃ) တရားမဥပဒေများ၊ ကျင့်ထုံးများအပါအဝင်၊ ပဋိညာဉ်၊ အနုညာတ စီရင်ဆုံးဖြတ်ရေး၊ တရားစွဲဆိုပိုင်ခွင့်ရှိသော နစ်နာချက်များ၊ လူမွဲအဖြစ်ခံယူခြင်း၊ ယုံမှတ်အပ်နှံခြင်းနှင့် ယုံမှတ်အပ်နှံထားသဖြင့် စီမံပိုင်ခွင့်ရှိသူများ၊ အမွေထိန်းနှင့်ပစ္စည်းထိန်း၊ မိသားစုဆိုင်ရာဥပဒေများ၊ အုပ်ထိန်းသူများနှင့် အုပ်ထိန်းခံရသူများ၊ ပစ္စည်းလွှဲပြောင်းခြင်း၊ အမွေဆက်ခံရေး၊...
    ... (ဇယား ၁၊ ပြည်ထောင်စုဥပဒေပြုစာရင်း၊ [ပုဒ်မ ၉၆ ကိုရည်ညွှန်းသည်])

Participation in Public Life and Institutions
  • English
    Citizens shall enjoy equal opportunity in carrying out the following functions :
    (a) public employment;
    … (Sec. 349)
  • Burmese
    နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့်အလမ်းရရှိစေရမည် -
    (က) ပြည်သူဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊
    ... (ပုဒ်မ-၃၄၉)
Participation in Public Life and Institutions
  • English
    The Union shall, upon specified qualifications being fulfilled, in appointing or assigning duties to civil service personnel, not discriminate for or against any citizen of the Republic of the Union of Myanmar, based on race, birth, religion, and sex. However, nothing in this Section shall prevent appointment of men to the positions that are suitable for men only. (Sec. 352)
  • Burmese
    နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းရွေးချယ် တာဝန်ပေးရာတွင် ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့်ပြည်စုံပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိူးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတား မဖြစ်စေရ။ (ပုဒ်မ-၃၅၂)
Political Rights and Association
  • English

    (a) Every citizen shall have the right to elect and be elected in accord with the law.
    ... (Sec. 38)

  • Burmese

    (က) နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့် နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊
    ... (ပုဒ်မ-၃၈)

Political Rights and Association
  • English

    Every citizen shall be at liberty in the exercise of the following rights, if not contrary to the laws, enacted for Union security, prevalence of law and order, community peace and tranquility or public order and morality:

    (c) to form associations and organizations;
    … (Sec. 354)

  • Burmese

    နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံးခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် -
    ...
    (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊
    ... (ပုဒ်မ-၃၅၄)

Political Rights and Association
  • English

    (a) Subject to this Constitution and relevant laws, every citizen has the right to elect and right to be elected to the Pyithu Hluttaw, the Amyotha Hluttaw, and the Region or State Hluttaw.
    ... (Sec. 369)

  • Burmese

    (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့် ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊
    ... (ပုဒ်မ-၃၆၉)

Political Rights and Association
  • English

    In electing people’s representatives to the Hluttaws :
    (a) every citizen who has attained 18 years of age on the day on which the election commences, who is not disqualified by law, who is eligible to vote, and person who has the right to vote under the law, shall have the right to vote;
    ... (Sec. 391)

  • Burmese

    လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရာတွင် -
    (က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်၊
    ... (ပုဒ်မ-၃၉၁)

Political Rights and Association
  • English
    Every citizen who is not disqualified by the provisions under this Constitution or the provisions of the election law shall have the right to stand for election to any Hluttaw. (Sec. 395)
  • Burmese
    ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရသော်လည်းကောင်း၊ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပါပြဌာန်းချက်များအရသော်လည်းကောင်း၊ အရည်အချင်း ပျက်ယွင်းသူ မဟုတ်ပါက နိုင်ငံသားတိုင်းသည် လွှတ်တော်တစ်ရပ်ရပ်သို့ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ (ပုဒ်မ-၃၉၅)
Political Parties
  • English
    The Union shall enact necessary law to systematically form political parties for flourishing of a genuine, disciplined multi-party democratic system. (Sec. 39)
  • Burmese
    နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး အတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းနိုင်ရန် လိုအပ်သည့်ဥပဒေ ပြဌာန်း ဆောင်ရွက်ရမည်။ (ပုဒ်မ-၃၉)
Political Parties
  • English
    A political party shall:
    (a) set the objective of non-disintegration of the Union, non-disintegration of national solidarity and perpetuation of sovereignty;
    (b) be loyal to the State. (Sec. 404)
  • Burmese
    နိုင်ငံရေးပါတီတစ်ရပ်သည် -
    (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်၊
    (ခ) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။ (ပုဒ်မ-၄၀၄)
Political Parties
  • English
    A political party shall :
    (a) accept and practise a genuine and discipline-flourishing multi-party democratic system;
    (b) abide by and respect this Constitution and the existing laws;
    (c) form and register as a political party in accord with the law. (Sec. 405)
  • Burmese
    နိုင်ငံရေးပါတီတစ်ရပ်သည် -
    (က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊
    (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊
    (ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်။ (ပုဒ်မ-၄၀၅)
Political Parties
  • English
    A political party shall, in accord with the law, have the right in the Union to :
    (a) organize freely;
    (b) participate and compete in the elections. (Sec. 406)
  • Burmese
    နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ -
    (က) လွတ်လပ်စွာ စည်းရုံးခွင့်ရှိသည်၊
    (ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ (ပုဒ်မ-၄၀၆)
Political Parties
  • English
    If a political party infringe one of the following stipulations, it shall have no right of continued existence:
    (a) having been declared an unlawful association under the existing law;
    (b) directly or indirectly contacting or abetting the insurgent group launching armed rebellion against the Union or the associations and persons determined by the Union to have committed terrorist acts or the association declared to be an unlawful association;
    (c) directly or indirectly receiving and expending financial, material and other assistance from a foreign government, a religious association, other association or a person from a foreign country;
    (d) abusing religion for political purpose. (Sec. 407)
  • Burmese
    နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါအကြောင်းတစ်ခုခုနှင့်ငြိစွန်းလျှင် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရ -
    (က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊
    (ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊
    (ဂ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း၊
    (ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း။ (ပုဒ်မ-၄၀၇)
Electoral Bodies
  • English
    The duties of the Union Election Commission are as follows :
    (a) holding Hluttaw elections;
    (b) supervising Hluttaw elections; forming different levels of sub-commissions and supervising thereof;
    (c) designating and amending the constituencies;
    (d) compiling lists of voters and amending thereof;
    (e) postponing elections of the constituencies where free and fair election cannot be held due to natural disaster or due to local security situation;
    (f) prescribing rules relating to elections or political parties in accord with the provisions of this Constitution, and procedures, directives, so forth, in accord with the relevant laws;
    (g) constituting the election tribunals for trial of disputes relating to election in accord with the law;
    (h) performing duties assigned under a law. (Sec. 399)
  • Burmese
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
    (က) လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊
    (ခ) လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း၊
    (ဂ) မဲဆန္ဒနယ်သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊
    (ဃ) မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊
    (င) သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေ လုံခြုံရေး အခြေအနေ အရသော်လည်းကောင်း လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွေ့ဆိုင်ခြင်း၊
    (စ) ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွန်ကြားချက်စသည်များကို သက်ဆိုင်ရာဥပဒေများ နှင့်အညီ လည်းကောင်း ထုတ်ပြန်ခြင်း၊
    (ဆ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊
    (ဇ) ဥပဒေ တစ်ရပ်ရပ်အရ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း။ (ပုဒ်မ-၃၉၉)
Head of State
  • English
    The Head of the Union and the Head of Executive of the Union is the President. (Sec. 16)
  • Burmese
    နိုင်ငံတော်အကြီးအကဲ နှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည်။ (ပုဒ်မ-၁၆)
Head of State
  • English
    Qualifications of the President and Vice-Presidents are as follows :
    (a) shall be loyal to the Union and its citizens;
    (b) shall be a citizen of Myanmar who was born of both parents who were born in the territory under the jurisdiction of the Union and being Myanmar Nationals;
    (c) shall be an elected person who has attained at least the age of 45;
    (d) shall be well acquainted with the affairs of the Union such as political, administrative, economic and military;
    (e) shall be a person who has resided continuously in the Union for at least 20 years up to the time of his election as President;
    Proviso: An official period of stay in a foreign country with the permission of the Union shall be counted as a residing period in the Union;
    (f) shall he himself, one of the parents, the spouse, one of the legitimate children or their spouses not owe allegiance to a foreign power, not be subject of a foreign power or citizen of a foreign country. They shall not be persons entitled to enjoy the rights and privileges of a subject of a foreign government or citizen of a foreign country;
    (g) shall possess prescribed qualifications of the President, in addition to qualifications prescribed to stand for election to the Hluttaw. (Sec. 59)
  • Burmese
    နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် -
    (က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်၊
    (ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊
    (ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက်(၄၅) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊
    (ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များရှိရမည်၊
    (င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံး အနှစ်(၂၀) နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊
    ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့တရားဝင်သွားရောက်သည့် ကာလ များကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက် ရမည်။
    (စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံ ခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသောအခွင့်အရေးများ နှင့် ကျေးဇူးခံ စားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊
    (ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည် အချင်းများနှင့်လည်း ပြည့်စုံရမည်။ (ပုဒ်မ-၅၉)
Head of State
  • English
    (a) The President shall be elected by the Presidential Electoral College.
    (b) The Presidential Electoral College shall be formed with three groups of the Pyidaungsu Hluttaw representatives as follows :
    (i) group formed with elected Hluttaw representatives in the Hluttaw with an equal number of representatives elected from Regions and States;
    (ii) group formed with elected Hluttaw representatives in the Hluttaw elected on the basis of township and population;
    (iii) group formed with the Defence Services personnel Hluttaw representatives nominated by the Commander-in-Chief of the Defence Services for the said two Hluttaws.
    (c) Each group shall elect a Vice-President from among the Hluttaw representatives or from among persons who are not Hluttaw representatives.
    (d) The Pyidaungsu Hluttaw and a Body comprising the Heads and Deputy Heads of the two Hluttaws in the Pyidaungsu Hluttaw shall scrutinize whether or not the Vice-Presidents possess the qualifications prescribed for the President.
    (e) The Presidential Electoral College comprising all the Pyidaungsu Hluttaw representatives shall elect by vote one of the three Vice-Presidents who are Presidential candidates, as the President.
    (f) Necessary law shall be enacted for the election of President and Vice Presidents. (Sec. 60)
  • Burmese
    (က) နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ် တင်မြှောက်ရမည်၊
    (ခ) သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည် -
    (၁) တိုင်းဒေသကြီးများ နှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက် တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ် စားလှယ်များ အစုအဖွဲ့၊
    (၂) မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း ရွေးကောက် တင်မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ် စားလှယ်များ အစုအဖွဲ့၊
    (၃) ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းတင်သွင့်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့။
    (ဂ) ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များ ထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက် ရမည်၊
    (ဃ) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက်သတ်မှတ်ထားသည့် အရည် အချင်းများနှင့် ပြည့်စုံခြင်း ရှိ၊ မရှိကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယအကြီးအမှူးများ ပါဝင်သည့် အဖွဲ့က စိစစ်ရမည်၊
    (င) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦး အနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်၊
    (စ) ထိုသို့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ် သည့် ဥပဒေကို ပြဌာန်းပေးရမည်။ (ပုဒ်မ-၆၀)
Vice-President
  • English
    The President and Vice-Presidents represent the Union. (Sec. 57)
  • Burmese
    နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။ (ပုဒ်မ-၅၇)
Vice-President
  • English
    Qualifications of the President and Vice-Presidents are as follows :
    (a) shall be loyal to the Union and its citizens;
    (b) shall be a citizen of Myanmar who was born of both parents who were born in the territory under the jurisdiction of the Union and being Myanmar Nationals;
    (c) shall be an elected person who has attained at least the age of 45;
    (d) shall be well acquainted with the affairs of the Union such as political, administrative, economic and military;
    (e) shall be a person who has resided continuously in the Union for at least 20 years up to the time of his election as President;
    Proviso: An official period of stay in a foreign country with the permission of the Union shall be counted as a residing period in the Union;
    (f) shall he himself, one of the parents, the spouse, one of the legitimate children or their spouses not owe allegiance to a foreign power, not be subject of a foreign power or citizen of a foreign country. They shall not be persons entitled to enjoy the rights and privileges of a subject of a foreign government or citizen of a foreign country;
    (g) shall possess prescribed qualifications of the President, in addition to qualifications prescribed to stand for election to the Hluttaw. (Sec. 59)
  • Burmese
    နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် -
    (က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်၊
    (ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊
    (ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက်(၄၅) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊
    (ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များရှိရမည်၊
    (င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံး အနှစ်(၂၀) နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊
    ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့တရားဝင်သွားရောက်သည့် ကာလ များကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
    (စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံ ခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသောအခွင့်အရေးများ နှင့် ကျေးဇူးခံ စားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊
    (ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည် အချင်းများနှင့်လည်း ပြည့်စုံရမည်။ (ပုဒ်မ-၅၉)
Vice-President
  • English

    (b) The Presidential Electoral College shall be formed with three groups of the Pyidaungsu Hluttaw representatives as follows :
    (i) group formed with elected Hluttaw representatives in the Hluttaw with an equal number of representatives elected from Regions and States;
    (ii) group formed with elected Hluttaw representatives in the Hluttaw elected on the basis of township and population;
    (iii) group formed with the Defence Services personnel Hluttaw representatives nominated by the Commander-in-Chief of the Defence Services for the said two Hluttaws.
    (c) Each group shall elect a Vice-President from among the Hluttaw representatives or from among persons who are not Hluttaw representatives.
    (d) The Pyidaungsu Hluttaw and a Body comprising the Heads and Deputy Heads of the two Hluttaws in the Pyidaungsu Hluttaw shall scrutinize whether or not the Vice-Presidents possess the qualifications prescribed for the President.
    … (Sec. 60)

  • Burmese

    (ခ) သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည် -
    (၁) တိုင်းဒေသကြီးများ နှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက် တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ် စားလှယ်များ အစုအဖွဲ့၊
    (၂) မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း ရွေးကောက် တင်မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ် စားလှယ်များ အစုအဖွဲ့၊
    (၃) ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့။
    (ဂ) ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များ ထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက် ရမည်၊
    (ဃ) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက်သတ်မှတ်ထားသည့် အရည် အချင်းများနှင့် ပြည့်စုံခြင်း ရှိ၊ မရှိကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယအကြီးအမှူးများ ပါဝင်သည့် အဖွဲ့က စိစစ်ရမည်၊
    ... (ပုဒ်မ-၆၀)

Government
  • English

    The President, with the approval of the Pyidaungsu Hluttaw, may :
    (a) designate the Ministries of the Union Government as necessary, and may make changes and additions to the ministries;
    … (Sec. 202)

  • Burmese

    နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် -
    (က) ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွတ်ခြင်း ပြုနိုင်သည်၊
    ... (ပုဒ်မ-၂၀၂)

Government
  • English

    (a) The President shall appoint the Union Ministers who possess the following qualifications :
    (i) person who has attained the age of 40 years;
    (ii) person who has qualifications, with the exception of age limit, entitled to be elected as Pyithu Hluttaw representatives prescribed in Section 120;
    (iii) person whose qualifications does not breach the provisions under Section 121 which disqualify the person from standing for election as the Pyithu Hluttaw representative;
    (iv) person loyal to the Union and its citizens.
    … (Sec. 232)

  • Burmese

    (က) နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများကို ပြည်ထောင်စုဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည် -
    (၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
    (၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊
    (၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
    (၄) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
    ... (ပုဒ်မ-၂၃၂)

Legislature
  • English
    (a) The legislative power of the Union is shared among the Pyidaungsu Hluttaw, Region Hluttaws and State Hluttaws. Legislative power stipulated by this Constitution shall be shared to the Self-Administered Areas.
    (b) The Pyidaungsu Hluttaw consisting of two Hluttaws, one Hluttaw elected on the basis of township as well as population, and the other on an equal number of representatives elected from Regions and States. (Sec. 12)
  • Burmese
    (က) နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသ ကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင် စုများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်၊
    (ခ) ပြည်ထောင်စုလွှတ်တော်တွင် မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ်၊ တိုင်းဒေသကြီးများ နှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက်တင် မြှောက်သည့် လွှတ်တော်တစ်ရပ်ဟူ၍ လွှတ်တော်နှစ်ရပ် ပါရှိသည်။ (ပုဒ်မ-၁၂)
Legislature
  • English
    The Pyidaungsu Hluttaw comprises of the following two Hluttaws :
    (a) in accord with the provisions of Section 109, the Pyithu Hluttaw formed with Hluttaw representatives elected on the basis of township as well as population and Hluttaw representatives being the Defence Services Personnel nominated by the Commander-in-Chief of the Defence Services;
    (b) in accord with the provisions of Section 141, the Amyotha Hluttaw formed with Hluttaw representatives elected in equal numbers from Regions and States and Hluttaw representatives being the Defence Services Personnel nominated by the Commander-in-Chief of the Defence Services. (Sec. 74)
  • Burmese
    ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါလွှတ်တော်နှစ်ရပ်ပါဝင်သည် -
    (က) ပုဒ်မ-၁၀၉ ပါ ပြဌာန်းချက်များနှင့်အညီ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်၊
    (ခ) ပုဒ်မ-၁၄၁ ပါ ပြဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်။ (ပုဒ်မ-၇၄)
Legislature
  • English
    Persons who possess the following qualifications shall be entitled to be elected as the Pyithu Hluttaw representatives :
    (a) person who has attained the age of 25 years;
    (b) citizen who was born of both parents who are citizens;
    (c) person who has resided in the Union of Myanmar for at least ten consecutive years up to the time of his election as Pyithu Hluttaw representative;
    Proviso: The official period of stay in a foreign country with the permission of the Union shall be counted as a residing period in the Union,
    (d) person who possesses qualifications prescribed by the Election Law. (Sec. 120)
  • Burmese
    အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် ပြည်သူ့လွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည် -
    (က) အသက် ၂၅ နှစ်ပြည့်ပြီးသူ၊
    (ခ)နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောနိုင်ငံသားဖြစ်သူ၊
    (ဂ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးကောက်တင်မြောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊
    ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့တရားဝင်သွားရောက်သည့်ကာလများကိုလည်းနိုင်ငံတော်တွင်အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
    (ဃ) ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရဥပဒေတွင် သတ်မှတ်ထားသည့် အရည်းအချင်းများနှင့်ပြည်စုံသူ။ (ပုဒ်မ-၁၂၀)
Legislature
  • English
    The Amyotha Hluttaw representatives shall be :
    (a) persons who have attained the age of 30 years;
    (b) persons who have qualifications, with the exception of the age limit, entitled to be elected as Pyithu Hluttaw representatives prescribed under Section 120;
    (c) persons whose qualifications does not breach the provisions under Section 121 which disqualified a person from standing for election as the Pyithu Hluttaw representatives. (Sec. 152)
  • Burmese
    အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် -
    (က) အသက်၃၀နှစ်ပြည့်ပြီးသူများဖြစ်ရမည်၊
    (ခ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသော အရည်အချင်းများနှင့် ပြည့်စုံရမည်၊
    (ဂ) ပုဒ်မ ၁၂၁တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြောက်ခံပိုင်ခွင့် မရှိစေသော ပြဌာန်းချက်များနှင့်လည်းသက်ဆိုင်စေရမည်။ (ပုဒ်မ-၁၅၂)
Legislature
  • English
    Every citizen who is not disqualified by the provisions under this Constitution or the provisions of the election law shall have the right to stand for election to any Hluttaw. (Sec. 395)
  • Burmese
    ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရသော်လည်းကောင်း၊ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပါပြဌာန်းချက်များအရသော်လည်းကောင်း၊ အရည်အချင်း ပျက်ယွင်းသူ မဟုတ်ပါက နိုင်ငံသားတိုင်းသည် လွှတ်တော်တစ်ရပ်ရပ်သို့ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ (ပုဒ်မ-၃၉၅)
Property, Inheritance and Land Tenure
  • English
    The Union :

    (c) shall permit citizens right of private property, right of inheritance, right of private initiative and patent in accord with the law. (Sec. 37)
  • Burmese
    နိုင်ငံတော်သည် -
    ...
    (ဂ) နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့် နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်။ (ပုဒ်မ-၃၇)
Property, Inheritance and Land Tenure
  • English
    The Union shall protect according to law movable and immovable properties of every citizen that are lawfully acquired. (Sec. 356)
  • Burmese
    နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့မပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။ (ပုဒ်မ-၃၅၆)
Property, Inheritance and Land Tenure
  • English
    The Union shall protect the privacy and security of home, property, correspondence and other communications of citizens under the law subject to the provisions of this Constitution. (Sec. 357)
  • Burmese
    ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသား များ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှု များအတွက် ဥပဒေအရ ကာကွယ်ပေးရမည်။ (ပုဒ်မ-၃၅၇)
Property, Inheritance and Land Tenure
  • English
    The Union guarantees the right to ownership, the use of property and the right to private invention and patent in the conducting of business if it is not contrary to the provisions of this Constitution and the existing laws. (Sec. 372)
  • Burmese
    ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါပြဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည်။ (ပုဒ်မ-၃၇၂)
Property, Inheritance and Land Tenure
  • English

    5. Agriculture and Livestock Breeding Sector
    (a) Land administration;

    10. Management Sector

    (b) Administration of town and village land;

    11. Judicial Sector

    (d) Civil Laws and procedures including contract, arbitration, actionable wrong, insolvency, trust and trustees, administrator and receiver, family laws, guardians and wards, transfer of property and inheritance;
    … (Schedule One, Union Legislative List [Section 96])

  • Burmese

    ၅။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ
    (က) မြေယာစီမံခန့်ခွဲမှု၊
    ...
    ၁၀။ စီမံခန့်ခွဲရေးကဏ္ဍ
    ...
    (ခ) ရွာမြေနှင့်မြို့မြေခန့်ခွဲရေး
    ...
    ၁၁။ တရားစီရင်ရေးကဏ္ဍ
    ...
    (ဃ) တရားမဥပဒေများ၊ ကျင့်ထုံးများအပါအဝင်၊ ပဋိညာဉ်၊အနုညာတစီရင်ဆုံးဖြတ်ရေး၊ တရားစွဲဆိုပိုင်ခွင့်ရှိသော နစ်နာချက်များ၊ လူမွဲအဖြစ်ခံယူခြင်း၊ ယုံမှတ်အပ်နှံခြင်းနှင့်၊ ယုံမှတ်အပ်နှံထားသဖြင့် စီမံပိုင်ခွင့်ရှိသူများ၊ အမွေထိန်းနှင့်ပစ္စည်းထိန်း၊မိသားစုဆိုင်ရာဥပဒေများ၊အုပ်ထိန်းသူများနှင့် အုပ်ထိန်းခံရသူများ၊ ပစ္စည်းလွှဲပြောင်းခြင်း၊ အမွေဆက်ခံရေး၊
    ... (ဇယား ၁၊ ပြည်ထောင်စုဥပဒေပြုစာရင်း၊ [ပုဒ်မ ၉၆ ကိုရည်ညွှန်းသည်])

Protection from Violence
  • English
    The Union prohibits the enslaving and trafficking in persons. (Sec. 358)
  • Burmese
    နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်။ (ပုဒ်မ-၃၅၈)
Protection from Violence
  • English
    The Union prohibits forced labor except hard labor as a punishment for crime duly convicted and duties assigned by the Union in accord with the law in the interest of the public. (Sec. 359)
  • Burmese
    နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင် ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန် ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။ (ပုဒ်မ-၃၅၉)
Public Institutions and Services
  • English

    ...
    (b) The Union shall enact necessary laws for Civil Services personnel to have security and sufficiency of food, clothing and shelter, to get maternity benefits for married women in service, and to ease livelihood for welfare of retired Service personnel. (Sec. 26)

  • Burmese

    ...
    (ခ) နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှု ဖူလုံရေး၊ အိမ်ထောင်ရှင်အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရရှိရေး နှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှု သက်သာချောင်ချိရေးတို့အတွက် လိုအပ် သည့် ဥပဒေများ ပြဌာန်းရမည်။ (ပုဒ်မ-၂၆)

Public Institutions and Services
  • English

    The Union shall :
    (a) earnestly strive to improve education and health of the people;
    ... (Sec. 28)

  • Burmese

    နိုင်ငံတော်သည် -
    (က) ပြည်သူများ၏ ပညာရေး နှင့် ကျန်းမာရေးတိုးတက်စေရေးတို့ အတွက် အလေးထားဆောင်ရွက်ရမည်၊
    ... (ပုဒ်မ-၂၈)

Public Institutions and Services
  • English

    The Union shall :
    (a) care for mothers and children, orphans, fallen Defence Services personnel’s children, the aged and the disabled;
    ... (Sec. 32)

  • Burmese

    နိုင်ငံတော်သည် -
    (က) မိခင် နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှု စောင့်ရှောက်ရမည်၊
    ... (ပုဒ်မ-၃၂)

Status of the Constitution
  • English

    ...
    (b) The rules, regulations, notifications, orders, directives, and procedures issued under the power conferred by any law shall be in conformity with the provisions of the Constitution and the relevant law.
    … (Sec. 97)

  • Burmese

    ...
    (ခ) ဥပဒေတစ်ရပ်က အပ်နှင်းသည့် လုပ်ပိုင်ခွင့်အရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် လည်းကောင်း၊ သက်ဆိုင်ရာဥပဒေပါ ပြဌာန်းချက်များနှင့်လည်းကောင်း ညီညွတ်မှုရှိရမည်၊
    ... (ပုဒ်မ-၉၇)

Status of the Constitution
  • English
    Every citizen has duty to abide by the provisions of this Constitution. (Sec. 384)
  • Burmese
    နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကိုလိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။ (ပုဒ်မ-၃၈၄)
Status of the Constitution
  • English
    This Constitution is the Basic Law of all the laws of the Union. (Sec. 449)
  • Burmese
    ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်။ (ပုဒ်မ-၄၄၉)
Status of International Law
  • English
    The Republic of the Union of Myanmar shall honour all legitimate obligations arising out of treaties or agreements which before the commencement of this Constitution have been in operation between the Government of the Union of Myanmar and the Government of other State, provided that such other State honours any reciprocal obligations towards the Union of Myanmar. (Sec. 456)
  • Burmese
    ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကာလက ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုအတည်ဖြစ်ခဲ့သော စာချုပ်များအရသော်လည်းကောင်း၊ သဘောတူညီချက်များအရ သော်လည်းကောင်း ပေါ်ထွက်လာသော တရားမျှတသည့်တာဝန်များကို အဆိုပါအခြားနိုင်ငံကလည်း ပြည်ထောင်စုမြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထားရှိအပ်သော ပဋိညာဉ်များကို လေးစားပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကလည်း လေးစားသည်။ (ပုဒ်မ-၄၅၆)
Religious Law
  • English
    The Union recognizes special position of Buddhism as the faith professed by the great majority of the citizens of the Union. (Sec. 361)
  • Burmese
    နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ (ပုဒ်မ-၃၆၁)
Religious Law
  • English
    The Union also recognizes Christianity, Islam, Hinduism and Animism as the religions existing in the Union at the day of the coming into operation of this Constitution. (Sec. 362)
  • Burmese
    နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာ နှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာ တည်သောနေ့၌ နိုင်ငံတော်တွင်တည်ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိ အမှတ်ပြုသည်။ (ပုဒ်မ-၃၆၂)
Religious Law
  • English
    The Union may assist and protect the religions it recognizes to its utmost. (Sec. 363)
  • Burmese
    နိုင်ငံတော်သည်အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှကူညီ စောင့်ရှောက်မည်။ (ပုဒ်မ-၃၆၃)
Customary Law
  • English
    Every citizen shall be at liberty in the exercise of the following rights, if not contrary to the laws, enacted for Union security, prevalence of law and order, community peace and tranquility or public order and morality:

    (d) to develop their language, literature, culture they cherish, religion they profess, and customs without prejudice to the relations between one national race and another or among national races and to other faiths. (Sec. 354)
  • Burmese
    နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံးခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် -
    ...
    (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်း ကိုလည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှု မရှိစေ ဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။ (ပုဒ်မ-၃၅၄)
Customary Law
  • English
    Every citizen shall, in accord with the law, have the right to freely develop literature, culture, arts, customs and traditions they cherish. In the process, they shall avoid any act detrimental to national solidarity. Moreover, any particular action which might adversely affect the interests of one or several other national races shall be taken only after coordinating with and obtaining the settlement of those affected. (Sec. 365)
  • Burmese
    နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိူးထောင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ပြင်မိမိတို့၏ ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသားလူမျိုး တစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများအချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့် ရှိသည်။ (ပုဒ်မ-၃၆၅)
1

Constitution of the Republic of the Union of Myanmar 2008, as amended to 2015 (English). Consolidated version as amended to 2020 not publicly available, concerns provisions that are not of direct relevance to the database.

Links to all sites last visited 8 January 2024
3

Chapter 8 on Citizen, Fundamental Rights and Duties of the Citizens.

4

According to Sec. 377 of Chapter VIII- Citizen, Fundamental Rights and Duties of the Citizens: “In order to obtain a right given by this Chapter, application shall be made in accord with the stipulations, to the Supreme Court of the Union.”