SEARCH DATABASE
The Global Gender Equality Constitutional Database is a repository of gender equality related provisions in 194 constitutions from around the world. The Database was updated in partnership with the International Bar Association's Human Rights Institute (IBAHRI) and with support from the Swedish International Development Agency (SIDA) and the Government of Japan. Experience its wealth and depth of information by starting your search now.
Indigenous Peoples
- EnglishFor National races with suitable population, National races representatives are entitled to participate in legislature of Regions or States and Self-Administered Areas concerned. (Sec. 15)
- Burmeseလျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက် ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေ ပြုရေးတွင် ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်။ (ပုဒ်မ-၁၅)
Indigenous Peoples
- EnglishEvery citizen, with the Union Spirit, has the duty to enhance unity among national races and to ensure public peace and stability. (Sec. 387)
- Burmeseနိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွှတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်။ (ပုဒ်မ-၃၈၇)
Indigenous Peoples
- EnglishThe State is where multi-National races collectively reside. (Sec. 3)
- Burmeseနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံ ဖြစ်သည်။ (ပုဒ်မ-၃)
Indigenous Peoples
- EnglishEvery citizen shall, in accord with the law, have the right to freely develop literature, culture, arts, customs and traditions they cherish. In the process, they shall avoid any act detrimental to national solidarity. Moreover, any particular action which might adversely affect the interests of one or several other national races shall be taken only after coordinating with and obtaining the settlement of those affected. (Sec. 365)
- Burmeseနိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိူးထောင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ပြင် မိမိတို့၏ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများအချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့် ရှိသည်။ (ပုဒ်မ-၃၆၅)
Indigenous Peoples
- English
We, the National people, firmly resolve that we shall :
...
- uphold racial equality, living eternally in unity fostering the firm Union Spirit of true patriotism;
... (Preamble) - Burmese
ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည် -
...
- နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟု သန္နိဌာန်ချမှတ်၍လည်းကောင်း၊
... (နိဒါန်း)
Limitations and/or Derogations
- EnglishExcept in the following situations and time, no citizen shall be denied redress by due process of law for grievances entitled under law :
(a) in time of foreign invasion;
(b) in time of insurrection;
(c) in time of emergency. (Sec. 381) - Burmeseအောက်ဖော်ပြပါ အခြေအနေနှင့် အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏တရားဝင်ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့် သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်းမပြုရ -
(က) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊
(ခ) ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်နေချိန်၊
(ဂ) အရေးပေါ် အခြေအနေ ဖြစ်ပေါ်နေချိန်။ (ပုဒ်မ-၃၈၁)
Limitations and/or Derogations
- English
At the time of the occurrence the following situation, the rights under Section 3774 shall not be suspended unless the public safety may so require:
(a) in time of war;
(b) in time of foreign invasion;
(c) in time of insurrection. (Sec. 379) - Burmese
အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ချိန်တွင် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့်ကိစ္စမှတစ်ပါး ပုဒ်မ ၃၇၇ ပါအခွင့်အရေးများတောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်းမပြုရ -
(က) စစ်မက်ဖြစ်ပွားချိန်၊
(ခ) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊
(ဂ) ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်နေချိန်။ (ပုဒ်မ-၃၇၉)
Limitations and/or Derogations
- EnglishThe Commander-in-Chief of the Defence Services may, during the duration of the declaration of a state of emergency, restrict or suspend as required, one or more fundamental rights of the citizens in the required area. (Sec. 420)
- Burmeseတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရေးပေါ်အခြေအနေ ကြေညာထားစဉ် ကာလအတွင်း လိုအပ်သည့်နယ်မြေဒေသတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ် ထပ်ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်ထားနိုင်သည်။ (ပုဒ်မ-၄၂၀)
Limitations and/or Derogations
- EnglishThe President, in promulgating an ordinance and declaring a state of emergency :
(a) shall specify in the said ordinance the areas and the duration that the state of emergency is in operation;
(b) may, if necessary, restrict or suspend as required, one or more fundamental rights of the citizens residing in the areas where the state of emergency is in operation. (Sec. 414) - Burmeseနိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာသည့်အခါ -
(က) ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ်ဖော်ပြရမည်၊
(ခ) လိုအပ်ပါက အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း နေထိုင်ကြသော နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ် ထက်ပို၍ ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်ထားနိုင်သည်။ (ပုဒ်မ-၄၁၄)
Marriage and Family Life
- EnglishMothers, children and expectant women shall enjoy equal rights as prescribed by law. (Sec. 351)
- Burmeseမိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ် ထားသော သက်ဆိုင်ရာ အခွင့်အရေးများကို အညီအမျှခံစားခွင့် ရှိစေရမည်။ (ပုဒ်မ-၃၅၁)