SEARCH DATABASE
The Global Gender Equality Constitutional Database is a repository of gender equality related provisions in 194 constitutions from around the world. The Database was updated in partnership with the International Bar Association's Human Rights Institute (IBAHRI) and with support from the Swedish International Development Agency (SIDA) and the Government of Japan. Experience its wealth and depth of information by starting your search now.
Employment Rights and Protection
- English
9. Social Sector
…
(o) Working hours, resting-hours, holidays and occupational safety;
... (Schedule One, Union Legislative List [Section 96]) - Burmese
၉။ လူမူရေးကဏ္ဍ
...
(ဏ)အလုပ်လုပ်ချိန်၊ နားချိန်၊ အလုပ်ပိတ်ရက်များနှင့် လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေး၊
… [ဇယား ၁၊ ပြည်ထောင်စုဥပဒေပြုစာရင်း၊ (ပုဒ်မ ၉၆ ကိုရည်ညွှန်းသည်)]
Equality and Non-Discrimination
- EnglishThe Union shall not discriminate any citizen of the Republic of the Union of Myanmar, based on race, birth, religion, official position, status, culture, sex and wealth. (Sec. 348)
- Burmeseနိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ (ပုဒ်မ-၃၄၈)
Equality and Non-Discrimination
- EnglishThe Union shall guarantee any person to enjoy equal rights before the law and shall equally provide legal protection. (Sec. 347)
- Burmeseနိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။(ပုဒ်မ-၃၄၇)
Equality and Non-Discrimination
- English
(a) Every citizen shall enjoy the right of equality, the right of liberty and the right of justice, as prescribed in this Constitution.
… (Sec. 21) - Burmese
(က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်၊
... (ပုဒ်မ-၂၁)
Equality and Non-Discrimination
- English
The Union’s consistent objectives are :
…
(e) enhancing the eternal principles of Justice, Liberty and Equality in the Union and;
… (Sec. 6) - Burmese
နိုင်ငံတော်သည် -
...
(င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့်
... (ပုဒ်မ-၆)
Equality and Non-Discrimination
- English
We, the National people, firmly resolve that we shall :
…
- stalwartly strive for further burgeoning the eternal principles namely justice, liberty, equality and perpetuation of peace and prosperity of the National people;
… (Preamble) - Burmese
ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည် -
...
- နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်း သွားကြမည်ဟု သန္နိဌာန်ချမှတ်၍လည်းကောင်း၊
... (နိဒါန်း)
Indigenous Peoples
- EnglishFor National races with suitable population, National races representatives are entitled to participate in legislature of Regions or States and Self-Administered Areas concerned. (Sec. 15)
- Burmeseလျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက် ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေ ပြုရေးတွင် ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်။ (ပုဒ်မ-၁၅)
Indigenous Peoples
- EnglishEvery citizen, with the Union Spirit, has the duty to enhance unity among national races and to ensure public peace and stability. (Sec. 387)
- Burmeseနိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွှတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်။ (ပုဒ်မ-၃၈၇)
Indigenous Peoples
- EnglishThe State is where multi-National races collectively reside. (Sec. 3)
- Burmeseနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံ ဖြစ်သည်။ (ပုဒ်မ-၃)
Indigenous Peoples
- EnglishEvery citizen shall, in accord with the law, have the right to freely develop literature, culture, arts, customs and traditions they cherish. In the process, they shall avoid any act detrimental to national solidarity. Moreover, any particular action which might adversely affect the interests of one or several other national races shall be taken only after coordinating with and obtaining the settlement of those affected. (Sec. 365)
- Burmeseနိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိူးထောင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ပြင် မိမိတို့၏ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများအချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့် ရှိသည်။ (ပုဒ်မ-၃၆၅)